Behave of Divers and Underwater Resources Conservation

ရေငုပ်သမားများပြုလုပ်သင့်သော ရေအောက်သယံဇာတများကာကွယ်စောင့်ရှောက်မှု

Eco Dive ဆိုတာဘာလဲ?

ရေငုပ်သမားများအားလုံး လိုက်နာသင့်သော ပထမစည်းကတော့ ရေအောက်မှာရှိတဲ့ ဘယ်အရာကိုမဆိုမထိပါနဲ့၊ ဟုတ်ပါတယ်။ ရေငုပ်သမားတွေက ရေအောက်သယံဇာတနဲ့ အကောင်တွေတွေကို အဲ့လောက်အလေးထားဂရုစိုက်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပုံမှန်လူတွေနဲ့ ငါးဖမ်းသမားများရဲ့ မဆင်မခြင် ငါးဖမ်းခြင်းနဲ့ သတိမမူမိတဲ့ အပြုမူတွေက ရေအောက်ကမ္ဘာရဲ့ အလှတရားဖြစ်တဲ့ သန္တာကျောက်တန်းနဲ့ ရေနေသတ္တဝါများကို အကြီးကျယ် ဒုက္ခပေးနေပါတယ်။ ဒါကြောင့်မလို့ ရေငုပ်သမားများက Eco Diving လုပ်ဖို့ ဦးစားပေးလာကြပါတယ်၊ ဒါဟာလည်း နိုင်ငံတကာမှာ ပြုလုပ်လာကြတာ ခုဆို ဆယ်စုနှစ်တစ်ခုတောင်ဖြစ်နေပါပြီ။ Eco Diving program မှာတော့ ကျတော်တို့ရဲ့ Certified Dive Master တွေနဲ့ အပျော်တမ်းရေငုပ်သူတွေပူးပေါင်းပြီးတော့ ရေအောက်မှာရှိတဲ့ အမှိုက်တွေ၊ ဘူးခွံတွေနဲ့ ကျောက်တန်းတွေမှာ ငြိနေတဲ့ ငါးဖမ်းပိုက်တွေကို ဖယ်ရှားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗဟုသုတနဲ့ အတွေ့ကြုံများကို ဖလှယ်နိုင်မှာဖြစ်ပြီး၊ သင်တို့ရဲ့ Network တစ်ခုကို MDC ရဲ့ Eco Dive နဲ့ချဲ့ထွင်နိုင်ပါသေးတယ်။

ဘာကြောင့် Eco Dive လုပ်သင့်တာလဲ?

Acid ဓာတ်များလာမှုကြောင့် သမုဒ္ဒရာအတွင်း ဆားပျော်၀င်မှုနှုန်းနှင့် iron လိုအပ်ချက်များကြောင့် Coral ဖွံ့ဖြိုးမှုနှုန်းကျဆင်းလာပြီး အခြားရေနေသတ္တဝါများလည်း အနဲနှင့်အများထိခိုက်လာရပါတယ်။ Acid ဓာတ်များယခုထက်ပိုမို တိုးတတ်လာပါက Coral ကောင်များရဲ့ အပေါ်ယံ အရေပြားများ ပျော်၀င်သွားနိုင်သည်အထိ ဆိုးရွားနိုင်ပါတယ်။ National Ocean Service (US) ရဲ့ အဆိုအရ coral ဖွံ့ဖြိုးမှုနှုန်းမှာ 2030 တွင် 37% အထိလျော့ကျသွားနိုင်မည်ဟုခန့်မှန်းထားသည်။ ဒါကြောင့် National Ocean Service က ရေအောက်သယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်း အစီစဉ်များတွင် Diver များအနေဖြင့် ပါ၀င် ဆောင်ရွက်ကြရန်တိုက်တွန်းထားပါသည်။ နောက်ထပ် အရေးကြီးသော တစ်ချက်မှာ Diver များအနေဖြင့်လည်း မိမိတို့ မသိလိုက်ပဲ ပြုမူမိသော အရာများကြောင့် သမုဒ္ဒရာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် Diver များအနေဖြင့် မိမိတို့နိုင်တဲ့ဘက်က ဝိုင်း၀န်းပါ၀င်ကြဖို့ Myanmar Dive Center က တိုက်တွန်းအကြုံပြုပါတယ်။

Eco Dive မှာပါ၀င်မည့် Diver များအတွက် MDC က ဘာတွေပံ့ပိုးပေးလဲ?

ကျွန်တော်တို့ MDC မှ Diver များကို
- ၅၀% သက်သာခွင့်ပေးထားပါတယ်
- certified Dive Master တွေရဲ့ အထူး ကူညီဆောင်ရွက်မှုတွေရရှိမှာဖြစ်ပါတယ်။
- Eco Dive မှာပါ၀င်ခြင်းကြောင့် Diver တစ်ဦးတစ်ယောက်ခြင်းစီရဲ့ တာ၀န်ကိုကျေပွန်အောင် ထမ်းဆောင်ရင်း၊ မိမိတာ၀န်ကျေကြောင်းပြသနိုင်ပါတယ်။
ရေအောက်ကမ္ဘာကျန်းမာဖို့ အားလုံးပါ၀င်ကြပါစို့

YANGON HEAD OFFICE

Building (11), MICT Park, Hlaing University Campus, Hlaing Township, Yangon.

info@divinginmyanmar.com

NGWE SAUNG OFFICE

NGAPALI OFFICE

No.(36), Jade Taw Road, Mya Pyin (1) Quarter, Ngapali.

info@divinginmyanmar.com

WEATHER FORECAST

NGWE SAUNG WEATHER

Copyright © 2022 Myanmar Dive Center