4th  Ngwe  Saung  Beach  Cleanup  and  Coral  Conservation  2023

Organizers – Myanmar Underwater Federation & Myanmar Dive Center

Date     – 18 February 2023 

(၁). ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် Myanmar Underwater Federation နှင် Myanmar Dive Center မှ ဦးစီး၍ 4th Ngwe Saung Clean-up 2023 သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စုပေါင်း လှုပ်ရှားမှု အား ချစ်သူများကျွန်းအနီး ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့ပါသည်။

(၂). ရည်ရွယ်ချက်မှာ လက်ရှိ သန္တာကျောက်တန်းများရဲ့ ပျက်ဆီးနေမှုအခြေအနေများလျော့နည်းလာစေရန်၊ ကာကွယ်နိုင်ရန် နှင့် သတိပြုမိစေရန်အတွက် နှိုးဆော်ပေးခြင်းဖြစ်သည်။

(၃). Myanmar Underwater Federation  ၊ Myanmar Dive Center နှင့်တကွ ငွေဆောင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ၊ Company များ၊ Myanmar Dive Center ၊ Miss Ei Kyawt Khaing (Miss Myanmar World 2017)၊ Htet Ei’s Journey မှ Dr. Htet Ei Ei Win၊ I Like That မှ Ko Kyaw Soe Lwin စသော Travel Blogger များ၊ Volunteer များ၊ လုပ်ငန်းရှင်များ၊ Diver များနှင့် ကမ်းခြေသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် Volunteer များ၊ စုစုပေါင်း (200) ခန့်ပါဝင်ခဲ့ပါသည်။ 

(၄). အစီအစဉ်အားဖြင့် မနက်(၇)နာရီတွင် Myanmar Underwater Federation မှ ဒေါက်တာသန်းဝင်း မှ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ငွေဆောင်ကမ်းခြေ ချစ်သူများကျွန်းအနီးတစ်ဝိုက်တွင် အမှိုက် များကို အတူတကွ ရှင်းလင်းခဲ့ကြပါသည်။ 

(၅). Myanmar Dive Center မှ Instructor ကိုစည်သူအောင် ဦးဆောင်သော ရေငုပ်  အဖွဲ့မှာ ချစ်သူများကျွန်း နှင့် အနီးတဝိုက်တွင် ရေအောက်ငုပ်၍ ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ပေးခဲ့ပါသည်။ နံနက် (၇:၃၀) အချိန်တွင် ချစ်သူများကျွန်းနှင့်အနီးတဝိုက်ကမ်းခြေတွင် စုပေါင်းအမှိုက်ကောက်ရှင်းလင်းခြင်းကို မနက် (၁၀) နာရီအထိ လုပ်ဆောင်စေခဲ့ပြီး (၁၀:၃၀) တွင် Lunch Break ပေးခဲ့ပါသည်။

(၆). နေ့လယ် (၁:၀၀) နာရီခန့်မှ နေ့လည် (၃:၀၀) လောက်ထိကို  Ocean Blue Hotel တွင် Coral Conservation Awareness Seminar ကို စတင်ပြုလုပ်ခဲ့ပြီး ရေအောက် သန္တာကျောက်တန်းများအား ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် Myanmar Underwater Federation မှ Dr. Than Win နှင့် ဆရာမ Dr. Daw Khin May Chin Maung အသီးသီးပါဝင်ဆွေးနွေးခဲ့ပြီး Myanmar Tourism Marketing Association မှ Daw May Myat Mon Win မှလည်း မြန်မာနိုင်ငံ၏ ခရီးသွားဝန်ဆောင်မှုအတွက် ကျွန်းနှင့် ကမ်းခြေများ အကြောင်းကို ပြောကြားခဲ့ပြီး Rotary Club of Yangon မှ Daw Lynn Lynn Tin Htun မှလည်း မြန်မာစီးပွားရေးလုပ်ငန်းများမှ အမျိုးသမီးလုပ်ငန်းရှင်များ ပံ့ပိုးမှု အကြောင်းများကို Sharing လုပ်ပေးခဲ့ပါသည်။ Travelholic Dairy မှ Miss Myanmar World 2017 ဆုရှင် Ma Ei Kyawt Khaing မှလည်း Coral Conservation Awareness Seminar ပွဲအတွက် အမှတ်တရစကား ပြောကြားပေးခဲ့ပြီး Htet Ei’s Journey မှ Dr.Htet Ei Ei Win မှလည်း အမှတ်တရစကားများ ပြောကြားပေးခဲ့ပါသည်။ လူဉီးရေ (100) ကျော်ခန့် ပါဝင် တက်ရောက်ဆွေးနွေး ခဲ့ပါသည်။

(၇). စတုထ္တအကြိမ်မြောက်  Ngwe Saung Beach Clean-up & Coral Conservation Awareness 2023 ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

YANGON HEAD OFFICE

Building (11), MICT Park, Hlaing University Campus, Hlaing Township, Yangon.

info@divinginmyanmar.com

NGWE SAUNG OFFICE

NGAPALI OFFICE

No.(36), Jade Taw Road, Mya Pyin (1) Quarter, Ngapali.

info@divinginmyanmar.com

WEATHER FORECAST

NGWE SAUNG WEATHER

Copyright © 2022 Myanmar Dive Center